• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါလက်စတိုင်းသမ္မတသည် အစိုးရမှ နုတ်​ထွက်​လွှာ လက်ခံ

(GMT+08:00) 2019-01-30 13:36:58

      ပါလက်စတိုင်းသမ္မတ အာဘတ်စ်သည်၊ ယခုလ ၂၉ ရက်နေ့က  ဝန်ကြီးချုပ် ဟာမ်ဒါလာ ဦးဆောင်သော အစိုးရမှ နုတ်ထွက်လွှာကို လက်ခံခဲ့သော်လည်း၊ အစိုးရသစ် မတည်ထောင်မီတွင်၊ ဟာမ်ဒါလာအစိုးရက ဆက်လက်တာဝန်ထမ်းဆောင်ရန် ညွှန်ကြားခဲ့ ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ပါလက်စတိုင်းသမ္မတရုံးသည်၊ ကြေညာချက်ထုတ်ပြန်ခဲ့ရာ၊ ထိုနေ့က ရာမာလာမြို့၌ ကျင်းပသည့် အစည်းအဝေးတွင် ဟာမ်ဒါလာ ဦးဆောင်သော အစိုးရက ရာထူးမှ နုတ်ထွက် ရန် တောင်းဆိုချက်ကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio