• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်အစိုးရဌာန ယာယီရပ်တန့်မှုကြောင့် စီးပွားရေး နစ်နာဆုံးရှုံးမှု ကန်ဒေါ်လာ ၁၁ဘီလီယံ ရှိသည်ဟု ကန်အစီရင်ခံစာက ဖော်ပြ

(GMT+08:00) 2019-01-30 11:12:13

၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့မှ ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၂၅ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု အစိုးရလုပ်ငန်းဌာနအချို့ ယာယီရပ်တန့်မှုကြောင့် အမေရိကန် စီးပွားရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ အမေရိကန် နိုင်ငံတော် လွှတ်တော် ဘတ်ဂျက်ရုံးအဖွဲ့မှ ၂၈ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အစိုးရလုပ်ငန်းဌာန ယာယီရပ်တန့်မှုကြောင့် ၂၀၁၈ခုနှစ် စတုတ္ထ ၃လပတ်တွင် အမေရိကန် ဂျီဒီပီသည် ၀.၁ ရာခိုင်နှုန်း ဆုံးရှုံးပြီး အမေရိကန်ဒေါ်လာ ၃ဘီလီယံခန့် ရှိကြောင်း၊ ၂၀၁၉ခုနှစ် ပထမ ၃လပတ်တွင် အမေရိကန်ဂျီဒီပီ ၀.၂ ရာခိုင်နှုန်း ဆုံးရှုံးနိုင်ဖွယ်ရာရှိပြီး အမေရိကန်ဒေါ်လာ ၈ဘီလီယံခန့် ရှိမည်ဟု ယင်းအစီရင်ခံစာအရ သိရပါသည်။

   Webradio