• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ချန်း-မဲခေါင်နိုင်ငံများမှ လူငယ်များယဉ်ကျေးမှုဖလှယ်ရေးအခြေစိုက်စခန်းကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်

(GMT+08:00) 2019-01-29 15:53:16

ယမန်နေ့ ၂၈ရက်နေ့က လန်ချန်း-မဲခေါင်နိုင်ငံများမှ လူငယ်များယဉ်ကျေးမှု ဖလှယ်ရေးအခြေစိုက်စခန်းကို မြန်မာနိုင်ငံယဉ်ကျေးမှုမြို့တော် မန္တလေးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်မှ လူငယ်များသည် နိုင်ငံအသီးသီး၏ ရိုးရာယဉ်ကျေးမှုနှင့် အနုပညာများကို အပြည့်အဝ ကူးလူးဖလှယ်ကြမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

လန်ချန်း-မဲခေါင်နိုင်ငံများမှ လူငယ်များအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ကူးလူးဖလှယ်ရေးတိုးမြှင့်ပြီး ပြည်သူများအကြား အပြန်အလှန်သိရှိနားလည်မှုနှင့် ယုံကြည်မှုများကို တပ်ဆင့်တိုးလာရန် ယင်းလှုပ်ရှားမှုကို ကျင်းပရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကိုက ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio