• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကျေးလက်ဒေသများမှာ ရောဂါကြောင့် ဆင်းရဲလာသူများအား ကူညီပေးနေ

(GMT+08:00) 2019-01-29 09:50:01

တရုတ်ပြည် ကျေးလက်ဒေသ မိသားစု တော်တော်များများဟာ ပြင်းထန်တဲ့ ရောဂါကြောင့် ဆင်းရဲလာတယ်၊ တစ်ချို့ကလည်း အရင်က ဆင်းရဲမှု ပပျောက်ပြီ ဖြစ်ပေမယ့် အိမ်မှာ တစ်ဦးဦး ရောဂါ ပြင်းထန်တာကြောင့် ဆေးဖိုးဝါးခ များလာလို့ ပြန်လည် ဆင်းရဲ လာရှာရတယ်။ ပီကင်းမြို့နဲ့ ကီလိုမီတာ ၁၀၀ လောက် ကွာဝေးတဲ့ ဟိုပေ ပြည်နယ် ချိချင် ခရိုင်ဟာ အခြေခံ ဆေးဝါးကုသရေး အာမခံ၊ ရောဂါကြီး အာမခံ၊ ဆေးဝါးကုသမှု ထောက်ပံ့ရေးစနစ်တွေကို အခြေခံအဖြစ် ထားပြီး စီးပွါးဖြစ် ဆေးဝါးကုသရေး အာမခံကို ဘေးပန်းအားဖြည့်မှု အဖြစ် ထားတဲ့ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီရေးစနစ်ကို အသုံးပြုပြီး အထက်ပါ မိသားစုများကို ထိထိရောက်ရောက် ကူညီပေးနေပါတယ်။

ချိချင် ခရိုင် တွမ့်မုကိုးရွာဟာ ဆင်းရဲတာနဲ့ နာမည်ကျော်တဲ့ ရွာကလေးတစ်ရွာ ဖြစ်တယ်။ ရွာထဲမှာ မိသားစု ၂၃၅ စု ရှိပြီး ရေ အလွန်အကျွံ ရှားပါးတာကြောင့် ဆင်းရဲ လာတာ ဖြစ်တယ်လို့ သိရပါတယ်။

တွမ့်မုကိုးရွာရှိ ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်းအဖွဲ့ တာဝန်ရှိ ပုဂ္ဂိုလ် ဝမ်ကျုံဟွာက၊ ကျွန်တော်တို့ဟာ ရွာထဲမှာ သမဝါယမ သုံးခုကို ဖွဲ့စည်းထားတယ်၊ အဓိကအားဖြင့် တရုတ် တိုင်းရင်းဆေးပင်များကို စိုက်ပျိုးတာ ဖြစ်တယ်။ အဲဒီနည်းလမ်းနဲ့ တစ်ရွာလုံး ဆင်းရဲတဲ့ မိသားစုများကို စည်းရုံးပြီး သူတို့ရဲ့ဝင်ငွေ တိုးလာစေဖို့ အကူအညီ ပေးနေတယ်။ ခုချိန်မှာ တစ်ရွာလုံး လူတစ်ဦးချင်း နှစ်စဉ် ပျမ်းမျှ ဝင်ငွေဟာ ယွမ် ၆၄၀၀ အထိ တိုးလာပါပြီ၊ ဒါဟာ ဆင်းရဲမှု ပပျောက်ရေး စံချိန်စံနှုန်း ဖြစ်တဲ့ နှစ်စဉ် ပျမ်းမျှ ဝင်ငွေ ယွမ် ၃၂၀၀ ထက် တစ်ဆလောက် ပိုများတယ်။ ဒါကြောင့် အခု ရွာထဲမှာ ဆင်းရဲတဲ့ မိသားစု မရှိတော့ဘူးလို့ ဆိုနိုင်ပြီလို့ သတင်းထောက်ကို ပြောပြတယ်။

၂၀၁၈ ခုနှစ်အတွင်း တရုတ်ပြည် ကျေးလက်ဒေသမှာ ဆင်းရဲသူ ၁၀ သန်းကျော် ဆင်းရဲမှု ပပျောက်ခဲ့တယ်။ တရုတ်ပြည်ရဲ့ ရည်မှန်းချက်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ကျေးလက်ဒေသမှာ ဆင်းရဲသူ အားလုံး ဆင်းရဲမှု ပပျောက်နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ (ကျော့)

   Webradio