• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ချဒ်နိုင်​ငံနှင့်အစ္စ​ရေးသံတမန်ဆက်ဆံရေးပြန်လည်ထားရှိ

(GMT+08:00) 2019-01-21 15:12:25

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟူသည် ယခုလ ၂၀ ရက်နေ့က ချဒ်နိုင်ငံတွင်ခရီး လှည့်လည်ခဲ့ရာချဒ်နိုင်ငံသမ္မတတေပီနှင့်အိမ်ကျာမိန်နာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း၊ နှစ်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေးပြန်လည်ထားရှိရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တွေ့ဆုံပွဲအပြီးကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် တေပီက ချဒ်နိုင်ငံသည် အစ္စရေးနှင့် မဟာဗျူဟာမြောက်အပြန်အလှန်အကျိုးရှိစေရေးပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို တည်ထောင်လိုကြောင်းပြောကြားခဲ့သည်။ တွေ့ဆုံရာတွင် နှစ်ဖက် တို့သည် စာဟေ့လ် ဒေသတွင် လုံခြုံရေးအခြေအနေနှင့်ပတ်သက်ပြီးအမြင်ချင်းဖလှယ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရန် လက်တွဲဆောင်ရွက်ရမည်ဟု သဘောတူကြကြောင်း သိရ ပါသည်။

နေတန်ယာဟူက နှစ်နိုင်ငံသည်အကြမ်းဖက်မှုတိုက်ဖျက်ရန်လက်တွဲဆောင်ရွက်မည် ဖြစ်ပြီး လုံခြုံရေး၊ လယ်ယာစိုက်ပျိုးရေး၊ အစားအစာ၊ ရေအရင်းအမြစ်စသည့်နယ် ပယ်တွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio