• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ အထူးသံတမန်သည်၊ မဒါဂါစကာသမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်

(GMT+08:00) 2019-01-21 15:00:24

      မဒါဂါစကာနိုင်ငံ သမ္မတ Rajoelina သည်၊ ယခုလ ၂၀ ရက်နေ့က သမ္မတရုံး၌ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ပြညသူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒု ဥက္ကဋ္ဌ ဟိုဝေ နှင့် တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ဟိုဝေက ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ လှိုက်လှဲစွာ ထောပနာပြုကြောင်းနှင့် ရင်းနှီးစွာ နှုတ်ခွန်းဆကစကားကို သမ္မတ Rajoelina အား တစ်ဆင့်ဖော်ပြခဲ့သည့်အပြင်၊ တရုတ်-မဒါဂါစကာ ချစ်ကြည်ရေးသည်၊ ရှေးပဝေသဏီမှစ၍ တည်ရှိခဲ့ပြီး ၁၉၇၂ခုနှစ်က  နှစ်နိုင်ငံသံအဆက်အသွယ်ထားရှိခဲ့သည့် နောက်ပိုင်းတွင်၊ နှစ်နိုင်ငံတို့သည်၊ အစဉ်တစိုက်ဖြူစင်ရင်းနှီးပြီး တန်းတူညီမျှစွာ ဆက်ဆံလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယခုလ ၁၉ ရက်နေ့က ဟိုဝေသည် မဒါဂါစကာနိုင်ငံ အန်တာနာနာရီပိုမြို့တော်၌ ကျင်းပသည့် သမ္မတ Rajoelina ၏ ကျန်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio