• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စတုတ္ထအကြိမ်မြောက် အာရပ်စီးပွားရေးထိပ်သီးများအစည်းအဝေး ကျင်းပ

(GMT+08:00) 2019-01-21 14:59:24

      စတုတ္ထအကြိမ်မြောက် အာရပ်စီးပွားရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးရေးထိပ်သီးများ အစည်းအဝေးကို ယခုလ ၂၀ ရက်နေ့က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်၌ ကျင်းပခဲ့ သည်။ယခုအကြိမ်အစည်း အဝေးတွင် ဆင်းရဲမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ လူ့အရင်းအမြစ် ဆုံးရှုံးမှု၊ အမျိုးသမီးအခွင့်အရေးနှင့် ဆီးရီးယားဒုက္ခသည်အကျပ်အတည်းစသည့်  ယခု လောလောဆယ်တွင် အာရပ်နိုင်ငံများရင်ဆိုင်နေရ သော စီးပွားရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးရေးပြဿနာများနှင့် စပ်လျဉ်း၍ အဓိကဆွေးနွေးခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

အာရပ် နိုင်ငံ ၂၀ မှ ထိပ်သီးခေါင်းဆောင်များ၊ အစိုးရထိပ်သီးများနှင့် ကိုယ်စားလှယ်များ သည်၊ ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio