• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဘုန်းကြီးကျောင်းကို တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ အပြစ်တင် ရှုတ်ချ

(GMT+08:00) 2019-01-21 14:42:52

မကြာမီက ထိုင်းနိုင်ငံ တောင်ပိုင်း နာရာသီဝါပြည်နယ်၌ ဘုန်းကြီးကျောင်း တစ်ကျောင်း တိုက်ခိုက်မှုခံခဲ့ရခြင်းကြောင့် ဘုန်းကြီး၂ဦး သေဆုံးခဲ့ခြင်းအပေါ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်သည် ၁၉ရက်နေ့က ၎င်း၏ပြောရေးဆိုခွင့်ရှိသူမှတဆင့် ပြင်းထန်စွာ အပြစ်တင် ရှုတ်ချခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

၁၈ရက်နေ့ညက ထိုင်းနိုင်ငံ တောင်ပိုင်း နာရာသီဝါပြည်နယ် စုအိုင်ပါဒီခရိုင်၌ ဘုန်းကြီးကျောင်းကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ မျက်မြင်သူက တပ်သား၏ ယူနီဖေါင်းလို ဝတ်ဆင်ထားသော သေနတ်ကိုင်ဆောင်သူ ၃၊၄ယောက်သည် ဘုန်းကြီးကျောင်းကို ဝင်ရောက်ပြီး ဘုန်းကြီးများ နေထိုင်သည့်နေရာကို မွှေ့ရမ်းပစ်ခတ်ခဲ့ သောကြောင့် ကျောင်းထိုင်ဆရာ ၁ဦး အပါအဝင် ဘုန်းကြီး ၂ဦး သေဆုံးပြီး ဘုန်ကြီးနှင့် အရပ်သား၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio