• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးက တရုတ် ရေတပ် နံပါတ်၅၃၉ သင်္ဘောစုမှ ဝူဟူ သင်္ဘောကို လေ့လာကြည့်ရှု

(GMT+08:00) 2019-01-21 14:41:26

ဖိလစ်ပိုင် နိုင်ငံတော် ကာကွယ်ရေးဝန်ကြီး Lorenzanaသည် ဇန်နဝါရီလ ၂၀ရက်နေ့က မနီလာမြို့၌ ချစ်ကြည်ရေးခရီးလှည့်လည်နေသော တရုတ် သင်္ဘောစု နံပါတ်၅၃၉ တပ်ဖွဲ့မှ ဝူဟူသင်္ဘောကို လေ့လာကြည့်ရှုခဲ့ကြောင်း၊ တရုတ်-ဖိလစ်ပိုင် တပ်မတော် နှစ်ဖက် ဆက်ဆံရေးသည် နှစ်နိုင်ငံ ဆက်ဆံရေး၏ အရေးကြီးအစိတ်အပိုင်း ဖြစ်ပြီး တပ်မတော် နှစ်ဖက်အကြား ချစ်ခင်ရင်းနှီးစွာ ကူးလူးဖလှယ်ရေး နှင့် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်ရေးကို အားဖြည့်ဆောင်ရွက်ရန် ထောက်ခံမည်ဟု Lorenzanaက ပြောကြားခဲ့ကြောင်း တရုတ် သတင်းဌာနမှ ယမန်နေ့ထုတ်သတင်းကိုကိုးကား၍ စီအာအိုင်က ဖော်ပြပါသည်။

သင်္ဘောစု နံပါတ်၅၃၉သည် တရုတ်ရေတပ် ဒုံးကျည်အစောင့်လိုက်သင်္ဘော ဖြစ်သည့် ဝူဟူသင်္ဘော၊ ဟန်တန်သင်္ဘော နှင့် အထွေထွေ ထောက်ပံ့ရေး သင်္ဘော ဖြစ်သည့် တုန်ဖိန်ဟူသင်္ဘောတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ တွင် ၅ရက်ကြာ ချစ်ကြည်ရေးခရီးလှည့်လည်ကြောင်း သတင်းရရှိပါသည်။

   Webradio