• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရန့်သည် အစိုးရဌာန ယာယီရပ်တန့်မှု ဖြေရှင်းရေးနည်းလမ်း တင်ပြ၊ ဒီမိုကရက်တစ်ပါတီ လက်မခံ

(GMT+08:00) 2019-01-21 12:34:18

       ယခုလ ၁၉ ရက်နေ့က အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ထရန်သည် ဒီမိုကရက်တစ်ပါတီနှင့် စေ့စပ်ဆွေးနွေးပွဲ တင်းမာမှုကို ဖြေရှင်းရန်နှင့် အမေရိကန် အစိုးရဌာန ယာယီရပ်တန့်နေမှု အဆုံးသတ်ရန်အတွက် အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်သူအချို့ပြန်ပို့ခြင်း အစီအစဉ် ယာယီ ရပ်ဆိုင်းရေး အပါအဝင် အဆိုပြုချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း၊ သို့သော် ဒီမိုကရက်တစ်ပါတီဘက်က လက်မခံကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

        အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီဝင် နန်ဆီ-ပယ်လိုဆီက ယခုလ ၁၉ ရက်နေ့က ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ရာ ထရန့်၏ ယခုအကြိမ် အဆိုပြုချက်သည် အတိတ်က ငြင်းပယ်ပြီးသား အဆိုပြုချက်များကို စုပြီး ပြန်လည်တင်ပြခြင်းသာဖြစ်ကြောင်း၊ ယင်းအဆိုပြုချက်များကို တစ်ခုပြီးတစ်ခု တင်ပြသည်ဖြစ်စေ၊ စုပြီး တင်ပြသည်ဖြစ်စေ၊ လက်ခံမည်မဟုတ်ကြောင်း၊ အောက်လွှတ်တော်၌ အတည်ပြုနိုင်မည်လည်း မဟုတ်ကြောင်း ပြောကြားသည်။

   Webradio