• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"တရုတ်-မြန်မာ သံယောဇဉ်၊ တစ်မိသားစုလုံး ပြုံးပျော်ရွှင်" တရုတ်-မြန်မာ နှစ်သစ်ကူး နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲ အခမ်းအနား ကျင်းပ

(GMT+08:00) 2019-01-21 10:51:16

 "တရုတ်-မြန်မာ သံယောဇဉ်၊ တစ်မိသားစုလုံး ပြုံးပျော်ရွှင်" တရုတ်-မြန်မာ နှစ်သစ်ကူး နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို ယခုလ ၁၉ ရက်နေ့ညက မြန်မာနိုင်ငံ ရန်ကုန် မြို့၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

နှစ်နိုင်ငံမှ အနုပညာရှင်များသည် ဂျိမ်းဖေါ် သီချင်း၊ ဝလူမျိုး သီချင်း၊ အရိပ်အက၊ ရုပ်သေးအက အပါအဝင် တိုင်းရင်းသား ရသမြောက် အဆိုအကများကို တင်ဆက် ဖျော်ဖြေကြပြီး တရုတ် နွေဦးပွဲတော် အကြိုနေ့ ဖြစ်သည့် လာမည့်လ ၄ ရက်နေ့တွင် မြန်မာ နိုင်ငံ MRTV နှင့် Skynet ရုပ်မြင်သံကြားဌာနများတွင် ယင်းအစီအစဉ်များကို ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်က၊ လွန်ခဲ့သည့်နှစ်တွင် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့၏ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုသည် ကောင်းမွန်စွာ တိုးတက်လာကြောင်း၊ နယ်ပယ်အသီးသီးနှင့် အဆင့်အရပ်ရပ်၌ နှစ်နိုင်ငံအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အဆက်မပြတ် တိုးချဲ့လာကြောင်း၊ နှစ်ဖက်တို့သည်  Belt and Road ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အတွင်း တရုတ်-မြန်မာ စီးပွါးရေး စင်္ကြံ အတူ ဆောက်လုပ်ရေး နယ်ပယ်တွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိခဲ့ကြောင်း ပြောကြားပါသည်။

မြန်မာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုက၊ ယခုအကြိမ် အခမ်းအနား၏ ရည်ရွယ်ချက်သည် အနုပညာ ကူးလူးဖလှယ်မှုမှတစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ပေါင်းကူးတံတားကို တည်ထောင်ရန်နှင့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးရန် ဖြစ်ကြောင်း ပြောကြားပါသည်။(ကျော့)

   Webradio