• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အမေရိကန် နိုင်ငံရေးပုဂ္ဂိုလ်များနှင့် ပညာရှင်များသည် နှစ်ဖက် ဆက်ဆံမှု တည်ငြိမ်အောင် ဆောင်ရွက်ရန် ပန်ကြား

(GMT+08:00) 2019-01-21 10:45:14

တရုတ်နှင့် အမေရိကန် သံအဆက်အသွယ် ထားရှိသည့် နှစ် ၄၀ ပြည့်မြောက်ခြင်းကို အထိမ်းအမှတ် ပြုရန်အတွက်၊ "တရုတ်-အမေရိကန် ဆက်ဆံမှု နှစ် ၄၀ ပြည့် -- နှစ်ဖက် ဆက်ဆံမှု စီမံ ထိန်းချုပ်ရန် မူဘောင်သစ်ကို ရှာကြံခြင်း" ဆောင်ပုဒ် ဖြစ်သည့် နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကို ဒေသစံတော်ချိန် ယခုလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ အမေရိကန်နိုင်ငံ အာတလန်တာမြို့ ကာတာစင်တာ၌ ကျင်းပခဲ့ကြောင်း၊ အမေရိကန် သမ္မတဟောင်း ကာတာနှင့် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဆွေးထျန်းခိုင်တို့သည် နှီးနောဖလှယ်ပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြကြောင်း၊ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်သော တရုတ်နှင့် အမေရိကန် နိုင်ငံရေးပုဂ္ဂိုလ်များနှင့် ပညာရှင်များက၊ မျက်မှောက် အခြေအနေတွင် တရုတ်နှင့် အမေရိကန် နှစ်ဖက်တို့သည် ကူးလူးဖလှယ်မှုနှင့် ညှိနှိုင်းမှုကို တွန်းအားပေးရမည် ဖြစ်ပြီး နှစ်ဖက် ဆက်ဆံမှု တည်ငြိမ်အောင် ဆောင်ရွက်ရမည်ဟု ပန်ကြားခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

သမ္မတဟောင်း ကာတာက၊ တရုတ်နှင့် အမေရိကန် သံအဆက်အသွယ် ထားရှိခြင်းသည် နှစ်နိုင်ငံအတွက် စီးပွါးရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်း လာသည့်အပြင် ဒေသတွင်း တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးကိုလည်း အားသစ် လောင်းပေးခဲ့ကြောင်း ပြောကြားပါသည်။

သံအမတ်ကြီး ဆွေးထျန်းခိုင်က၊ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံသာမက၊ အာရှ ပစိဖိတ်ဒေသနှင့် တစ်ကမ္ဘာလုံးသည်လည်း နှစ်နိုင်ငံ ဆက်ဆံမှုမှ အကျိုးစီးပွါး ခံစား နေခဲ့ကြကြောင်း ပြောကြားပါသည်။ (ကျော့)

   Webradio