• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မက္ကဆီကို ရေနံ ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေ ၆၆ ဦးရှိ

(GMT+08:00) 2019-01-20 12:06:39

        မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းဒေသရှိ ဟီဒါဂိုပြည်နယ်မှ ပြည်နယ် အုပ်ချုပ်ရေးမှူးက ယခုလ ၁၈ ရက်နေ့က ဟီဒါဂိုပြည်နယ်၌ ဖြစ်ပွားခဲ့သော ရေနံ ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် လူ ၆၆ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ၁၉ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ယခုလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ဟီဒါဂိုပြည်နယ် ထလာဝေလီပန်မြို့ရှိ ရေနံပို့ အဆောက်အအုံတစ်ခု၌ တရားဥပဒေချိုးဖောက်သူအချို့သည် ရေနံကို ခိုးယူခြင်းကြောင့် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ သေကြေဒဏ်ရာ ရရှိမှုများစွာဖြစ်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio