• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် သံတမန်အဆက်အသွယ် ထားရှိခြင်းသည် နှစ်နိုင်ငံ စည်ပင်သာယာရေးနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အကျိုးဆောင်ဟု ကာတာဆို

(GMT+08:00) 2019-01-20 12:05:15

        အမေရိကန်သမ္မတဟောင်း ဂျစ်မီ-ကာတာက တရုတ်-အမေရိကန် သံတမန် အဆက်အသွယ် ထားရှိသည့် နှစ် ၄၀ အတွင်းတွင် နှစ်နိုင်ငံ စည်ပင်သာယာရေးနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အကျိုးဆောင်သည်ဟု ယခုလ ၁၈ ရက်နေ့က အတ္တလန်တာမြို့၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ကာတာက တရုတ်-အမေရိကန် သံတမန်အဆက်အသွယ် ထားရှိသည့် နှစ် ၄၀ ပြည့်မြောက်နှစ် အထိမ်းအမှတ်ပွဲ၊ ၇ ကြိမ်မြောက် ကာတာစင်တာ တရုတ်-အမေရိကန် ဆက်ဆံမှု နှီးနှောဖလှယ်ပွဲ၌ မိန့်ခွန်းပြောကြားခဲ့ရာ ၁၉၇၉ခုနှစ် တရုတ်-အမေရိကန် သံတမန်အဆက်အသွယ် ထားရှိပြီးနောက် နှစ်နိုင်ငံ စီးပွားရေး ပိုမို လျင်မြန်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်သည့်အပြင် အရှေ့အာရှဒေသ၌လည်း စစ်ပွဲနှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သည့်အခြေအနေမှနေ ငြိမ်းချမ်းတည်ငြိမ်သော အခြေအနေသို့ ဝင်ရောက်လာကြောင်း ပြောကြားသည်။

   Webradio