• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၈ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ခရီးသွား ဝန်ကြီးများ အစည်းအဝေး ကျင်းပ

(GMT+08:00) 2019-01-19 10:20:59

၁၈ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ခရီးသွား ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၁၈ ရက်နေ့က ဗီယက်နမ်နိုင်ငံ ကွမ်နင်ပြည်နယ် ဟာလွန်မြို့၌ ကျင်းပခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ရှုပိုနှင့် အာဆီယံ၊ ဂျပန်၊ တောင်ကိုးရီးယားမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသည် ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

အစည်းအဝေးတွင် ရှုံပိုသည် တရုတ်ပြည်ဘက် ကိုယ်စား အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ခရီးသွားလုပ်ငန်း အနာဂတ် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးဆိုင်ရာ အဆိုပြုချက် သုံးရပ်ကို တင်ပြထားကြောင်း သတင်းရရှိပါသည်။

   Webradio