• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ မဟာမိတ်အဖွဲ့၏ ဆီးရီးယား၌ ဗုံးကြဲတိုက်ခိုက်မှုတွင် အရပ်သူအရပ်သား ၂၀ သေဆုံး

(GMT+08:00) 2019-01-19 10:06:43

အိုင်အက်စ် အစွန်းရောက်အဖွဲ့ကို တိုက်ခိုက်နေသော နိုင်ငံတကာ မိဟာမိတ် အဖွဲ့သည် ယခုလ ၁၈ ရက်နေ့က ဆီးရီးယား အရှေ့ပိုင်း တာဇိုရ် ပြည်နယ်၌ ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ရာတွင် အရပ်သူအရပ်သား အယောက် ၂၀ သေဆုံးခဲ့ကြောင်း ဆီးရီးယား သတင်းဌာနမှ ၁၈ ရက်နေ့က သတင်းကို ကိုးကား၍ ဆင်ဟွာ သတင်းတွင် ရေးသားဖေါ်ပြထားပါသည်။

အမေရိကန် ဦးဆောင်သော နိုင်ငံတကာ မဟာမိတ်အဖွဲ့သည် ယင်းနေ့၌ တာဇိုရ် ပြည်နယ် အရှေ့ပိုင်းဒေသ၌ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ရာတွင် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အရပ်သူအရပ်သား အယောက် ၂၀ သေဆုံးခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio