• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြစိမ်းရောင် မြို့ပြ ဆက်တိုက် ဖွံ့ဖြိုးရေး အစည်းအဝေး ကျင်းပ

(GMT+08:00) 2019-01-19 09:58:35

    ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အကောင်အထည် ဖေါ်ဆောင်ရန်အတွက် တရုတ်ပြည်သူ့ နိုင်ငံခြား ချစ်ကြည်ရေးအသင်း၊ တရုတ် မြို့ပြ ဖွံ့ဖြိုးရေးအသင်းနှင့် မြောက်ဥရောပ ဝန်ကြီးများကောင်စီတို့သည် မကြာမီက ပေကျင်း၌ မြစိမ်းရောင် ဆက်တိုက် ဖွံ့ဖြိုးရေး အစည်းအဝေးကို ကျင်းပ ခဲ့ကြောင်း၊ ပြင်သစ်၊ ဆွီဒင်၊ ဖင်လန်၊ ဒိန်းမတ်၊ နော်ဝေး၊ အိုက်စလန် စသည့်နိုင်ငံများမှ ဆက်တိုက် ဖွံ့ဖြိုးရေး ရှေ့တန်းပြေး နိုင်ငံနှင့် ဒေသမှ တတ်သိပညာရှင်များအဖွဲ့၊ သုတေသနဌာနနှင့် နာမည်ကြီး လုပ်ငန်းကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ တရုတ် အစိုးရဌာန၊ တတ်သိပညာရှင်များအဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း လူ ၃၀၀ ကျော်တို့သည် အစည်းအဝေးသို့ တက်ရောက် ခဲ့ကြကြောင်း၊ အစည်းအဝေး တက်ရောက်သူများသည် မြစိမ်းရောင် မြို့ပြ ဆက်တိုက် ဖွံ့ဖြိုးရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဆောင်ပုဒ်ကို ဝိုင်းဝန်းပြီး ဆွေးနွေး ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio