• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်လုံးဆိုင်ရာ ညီညွတ်ရေး တပ်ပေါင်းစု ဝန်ကြီးများ အစည်းအဝေး ကျင်းပ

(GMT+08:00) 2019-01-19 09:48:51

တရုတ် ပြည်လုံးဆိုင်ရာ ညီညွတ်ရေး တပ်ပေါင်းစု ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၁၈ ရက်နေ့က ပေကျင်း၌ ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အမြဲတမ်း ကော်မတီဝင်၊ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဝမ်းယန်သည် အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဝမ်းယန်က၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ် ထားပြီး ညီညွတ်ရေး တပ်ပေါင်းစု လုပ်ငန်းများကို တိုးမြှင့်သွားရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

   Webradio