• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေး အကဲဖြတ် အစီရင်ခံစာတွင် တရုတ်ခြိမ်းခြောက်မှု ဝါဒဖြန့်ခြင်းကို တရုတ် ကန့်ကွက်

(GMT+08:00) 2019-01-19 09:41:59
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနသည် ယခုလ ၁၇ ရက်နေ့က ဒုံးကျည်ကာကွယ်ရေး အကဲဖြတ် အစီရင်ခံစာ ထုတ်ပြန်ပြီး အကြောင်းမဲ့ တရုတ်ခြိမ်းခြောက်မှုဝါဒကို ဖြန့်ခဲ့ကြောင်း၊ ယင်း အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ အမေရိကန် အနေနှင့် စစ်အေးအတွေးအခေါ်ကို စွန့်လွှတ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လက်တွေ့ကျကျ ထိန်းသိမ်းကာကွယ်ရန် လှုံ့ဆော် တိုက်တွန်းပါကြောင်း ယခုလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။
   Webradio