• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ နှစ်သစ်ဆီးကြို၊ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးရေးလှုပ်ရှားမှုကို ပေကျင်း၌ ကျင်းပ

(GMT+08:00) 2019-01-18 16:25:11

တရုတ်-အာဆီယံကုန်သွယ်ရေးကောင်စီနှင့် အာဆီယံအဖွဲ့ ပေကျင်းကော်မတီတို့ ပူးတွဲကျင်းပသော ၂၀၁၉ခုနှစ် တရုတ်- အာဆီယံ နှစ်သစ်ဆီးကြို၊ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးရေးလှုပ်ရှားမှုကို ယခုလ ၁၇ ရက်နေ့က ပေကျင်း၌ ကျင်းပ ခဲ့သည်။ တရုတ်နှင့်အာဆီယံ ၁၀ နိုင်ငံမှ အစိုးရသက်ဆိုင်ရာဌာန၊ ကုန်သွယ်ရေးအသင်း၊ နာမည်ကျော်ကုမ္ပဏီနှင့် မီဒီယာကိုယ်စားလှယ်များ ၂၀၀ နီးပါးတို့သည် လှုပ်ရှားမှုသို့ တက်ရောက်ခဲ့ကြသည်ဟု စီအာအိုင်သတင်းအရသိရသည်။

အာဆီယံအဖွဲ့ပေကျင်းကော်မတီအလှည့်ကျဥက္ကဋ္ဌ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းက မိန့်ခွန်းပြောကြားရာတွင် နှစ်သစ်ဆီးကြို၊ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးရေးလှုပ်ရှားမှုသည် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အရေးကြီးသော အဓိပ္ပါယ်ပါရှိကြောင်း၊ ရေရှည်ကာလအတွင်း တရုတ်နိုင်ငံသည် အာဆီယံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းဖြစ်ကြောင်း၊ အာဆီယံအနေနှင့် တရုတ်နိုင်ငံ၏ Belt & Road ကမ်းလှမ်းချက်ကို ကြိုဆို ထောက်ခံကြောင်း၊ လွန်ခဲ့သည့် ၁ နှစ်အတွင်း တရုတ်နှင့် အာဆီယံတို့သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ခရီးသွားလာရေး စသည့်နယ်ပယ်မှ ပူးပေါင်းဆောင်ရွက်မှုတွင် အရေးကြီးသော အောင်မြင်မှုရရှိခဲ့ကြောင်း ပြောကြားသည်။

   Webradio