• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံတရုတ်ရိုးရာနှစ်သစ်ကူးနှင့် ပူးပေါင်းဖလှယ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ပီကင်းတွင် ကျင်းပ

(GMT+08:00) 2019-01-18 15:29:51

    ယမန်နေ့ ၁၇ရက်နေ့က တရုတ်-အာဆီယံစီးပွားရေး၊ ကုန်သွယ်ရေးကောင်စီနှင့် အာဆီယံပီကင်းကောင်မတီတို့ ပူးတွဲကျင်းပသော"၂၀၁၉ခုနှစ်တရုတ်-အာဆီယံတရုတ်ရိုးရာ နှစ်သစ်ကူးနှင့် ပူးပေါင်းဖလှယ်ရေးဆိုင်ရာလှုပ်ရှားမှုများ"ကို ပီကင်းတွင်ကျင်းပခဲ့ကြောင်း၊ တရုတ်နှင့် အာဆီယံ၁၀နိုင်ငံမှ အစိုးရဌာနဆိုင်ရာများ၊ ကုန်သွယ်ရေးအသင်းများ၊ နာမည်ကြီးကုမ္ပဏီများနှင့် မီဒီယာများမှ ကိုယ်စားလှယ်၂၀၀ကျော်တို့သည် လှုပ်ရှားမှုသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

   အာဆီယံပီကင်းကော်မတီအလှည့်ကျသဘာပတိ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းမှ မိန့်ခွန်းပြောကြားခဲ့ရာ၌ တရုတ်ရိုးရာနှစ်သစ်ကူးဆိုင်ရာလှုပ်ရှားမှုများသည် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အကျိုးပြုနိုင်ကြောင်း၊ အာဆီယံသည် တရုတ်"Belt and Road"အဆိုပြုချက်ကိုကြိုဆိုပြီးထောက်ခံပေးသလို တရုတ်နိုင်ငံသည် အာဆီယံအသိုက်အဝန်း တည်ထောင်ခြင်းနှင့် အာဆီယံ၏သော့ချက်ကျသောအဆင့်နေရာကို အားပေးထောက်ခံကြောင်း၊ ယင်းသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာဝပြောရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio