• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် သက်ဆိုင်ရာ လွှတ်တော်အမတ်များအား တရုတ် ကုမ္ပဏီ အပေါ် ယုတ္တိမတန် ထိခိုက်မှုနှင့် ဖိအားပေးမှု ရပ်စဲရန် တရုတ် တိုက်တွန်း

(GMT+08:00) 2019-01-18 15:13:49

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယဉ်က ယခုလ ၁၇ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် သက်ဆိုင်ရာ လွှတ်တော်အမတ်များအား တရုတ် ကုမ္ပဏီများ အပေါ် ယုတ္တိမတန် ထိခိုက်မှုနှင့် ဖိအားပေးမှု ရပ်စဲရန် တိုက်တွန်းကြောင်း ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

အမေရိကန် လွှတ်တော်အမတ် အချို့သည် အဆိုပြုချက် မူကြမ်း တင်ပြရာ အမေရိကန်နိုင်ငံက အမေရိကန်၏ အရေးယူမှု ဥပဒေနှင့် ပို့ကုန်ထိန်းချုပ်ကန့်သတ်ရေး ဥပဒေများကို ဖောက်ဖျက်ခဲ့သော Huaweiနှင့် ZTE အပါအဝင် တရုတ် ဆက်သွယ်ရေး ကုမ္ပဏီများအား အပိုပစ္စည်း တင်ပို့မှုကို ပိတ်ပင်ရန် တောင်းဆိုကြောင်း သိရသည်။

 

   Webradio