• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် သက်ဆိုင်ရာ ပုဂ္ဂိုလ်သည် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်- အမေရိကန် ဆက်ဆံမှု အပေါ် မှန်ကန်စွာနှင့် ဆင်ခြင်မှုရှိစွာဖြင့် ရှုမြင်ရန် မျှော်လင့်ဟု တရုတ်ဆို

(GMT+08:00) 2019-01-18 15:13:19

တရုတ်ပြည် အပေါ် မကြာခင်က အမေရိကန် ဒုသမ္မတ ပင်စ်မှ ယုတ္တိမဲ့ ပြစ်တင်မှုနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယဉ်က ယခုလ ၁၇ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် သက်ဆိုင်ရာ ပုဂ္ဂိုလ်များသည် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်-အမေရိကန် ဆက်ဆံမှု အပေါ် မှန်ကန်စွာနှင့် ဆင်ခြင်မှုရှိစွာဖြင့် ရှုမြင်ပြီး သက်ဆိုင်ရာ ပြဿနာများတွင် တရုတ်ပြည်၏ ပြည်တွင်းရေး ကိစ္စ၌ ဝင်ရောက်စွက်ဖက်မှုနှင့် တရုတ်ပြည်၏ အကျိုးစီးပွား အပေါ် ထိခိုက်မှုကို ရပ်စဲကာ တရုတ်-အမေရိကန် အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု အတွက် အကျိုးရှိသော ကိစ္စများကို လုပ်ဆောင်၍ တရုတ်ပြည်နှင့် အတူ တရုတ်-အမေရိကန် ဆက်ဆံမှု ရှင်သန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio