• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်ကို သိရှိနားလည်ချင်ပါက Belt and Roadကို သိရှိနားလည်ရန် လိုသည်ဟု ဗြိတိန် The 48 Group Club ဥက္ကဋ္ဌဆို

(GMT+08:00) 2019-01-18 15:12:48

တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးသည့် နှစ် ၄၀ပြည့် အထိမ်းအမှတ် ညီလာခံတွင် ဗြိတိန် နိုင်ငံ The 48 Group Club ဥက္ကဋ္ဌ စတယ်ဖင် ပယ်ရီကို တရုတ်-ဗြိတိန် ချစ်ကြည်ရေး ဆက်ခံပြန့်ပွားစေသူ၊ တရုတ်-ဗြိတိန် စီးပွားကုန်သွယ်မှုနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အတွက် တွန်းအားပေးသူ ဖြစ်သည့် အတွက် တရုတ် ပြုပြင်ပြောင်းလဲမှု ချစ်ကြည်ရေးဆုတံဆိပ်ကို ချီးမြှင့်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

မကြာခင်က ပယ်ရီက လန်ဒန်တွင် စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာ၌ Belt and Road အဆိုပြုချက်ကို လွန်စွာ ချီးကျူးကြောင်း၊ ၄င်းအဆိုပြုချက်သည် တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ဆက်လက် ဇောက်ချပြုလုပ်မည်ကို ပြသနေကြောင်း၊ တရုတ်ပြည်ကို အမှန်တကယ် သိရှိနားလည်ချင်ပါက Belt and Road အဆိုပြုချက်ကို သိရှိနားလည်ရန် လိုအပ်ကြောင်း အလေးထား ပြောကြားသည်။

   Webradio