• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လွန်ခဲ့သည့်နှစ်တွင် တရုတ်ပြည်၏ နိုင်ငံခြား၌ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၁၂၉့ ၈ ဘီလီယံ ရှိ

(GMT+08:00) 2019-01-17 10:00:10

နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှု များပြားသည့် ၂၀၁၈ ခုနှစ်တွင်၊ တရုတ်ပြည်၏ နိုင်ငံခြား၌ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ စနစ်တကျ ပုံမှန် တိုးတက်လာခဲ့ပါသည်။ တရုတ် ကုန်သွယ်ရေး ဝန်ကြီဌာနနှင့် နိုင်ငံခြားငွေ လဲလှယ်ရေး ဦးစီးဌာနမှ စာရင်းအရ၊ ၂၀၁၈ ခုနှစ် တစ်နှစ်တာလုံးအတွင်း တရုတ်ပြည်၏ နိုင်ငံခြား၌ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၉့ ၈၂ ဘီလီယံ ရှိပြီး ၂၀၁၇ ခုနှစ်ကထက် ၄့  ၂ ရာခိုင်နှုန်း တိုးလာပါသည်။

လွန်ခဲ့သည့်နှစ်တွင် တရုတ်ပြည်၏ နိုင်ငံခြား၌ ငွေရေးကြေးရေးဆိုင်ရာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၉့ ၃၃ ဘီလီယံ ရှိပြီး ၂၀၁၇ ခုနှစ်ကထက် ၁၀၅့ ၁ ရာခိုင်နှုန်း တိုးများလာခဲ့ပါသည်။ ငွေရေးကြေးရေးနယ်ပယ် မဟုတ်သော တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၁၂၀့ ၅ ဘီလီယံ ရှိပြီး ၂၀၁၇ ခုနှစ်ကထက် ၀့ ၃ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနယ်ပယ်များ အနက် ငှါးရမ်းရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှု၊ လက်လီလက်ကား ရောင်းချမှု၊ သတ္တုကျောက်လုပ်ငန်းတို့သည် ၃၇ ရာခိုင်နှုန်း၊ ၁၅့ ၆ ရာခိုင်နှုန်း၊ ၈့ ၈ ရာခိုင်နှုန်းနှင့် ၇့ ၇ ရာခိုင်နှုန်း အသီးသီး ရှိသည်ဟု သိရပါသည်။

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေးနှင့် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဟန်ယုံက၊ တရုတ် လုပ်ငန်းကုမ္ပဏီများသည် Belt and Road တစ်လျှောက်မှ နိုင်ငံ ၅၆ နိုင်ငံတွင် ငွေရေးကြေးရေး နယ်ပယ် မဟုတ်သော တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၁၅့ ၆၄ ဘီလီယံ ရှိပြီး ၂၀၁၇ ခုနှစ်ကထက် ၈့ ၉ ရာခိုင်နှုန်း တိုးလာကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ (ကျော့)

   Webradio