• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် နည်းလမ်းမျိုးစုံဖြင့် စီးပွါးရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည်

(GMT+08:00) 2019-01-16 10:08:16

ယခုလ ၁၅ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင်၊ တရုတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့ဘဏ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များက၊ ဗဟို စီးပွါးရေးလုပ်ငန်း အစည်းအဝေးမှ ရည်မှန်းချက်အကြောင်းအရာများကို အကောင်အထည် ဖေါ်ဆောင်ရန် အတွက်၊ ယခုနှစ်တွင် အမျိုးအစားသစ် အခြေခံ အဆောက်အဦ ဆောက်လုပ်ရေး အပါအဝင် နယ်ပယ်ငါးခုကနေ ငွေရင်းမြှုပ်နှံမှုကို အားဖြည့်မည် ဖြစ်ကြောင်း၊ အခွန်နှင့် သက်ဆိုင်ရာ စရိတ်များ လျှော့ချရေး လုပ်ငန်းကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ပုံမှန် တည်ငြိမ်သော ငွေကြေးမူဝါဒကို ၂၀၁၉ ခုနှစ်တွင် လုပ်ငန်းများ၏ အထွေထွေ အခြေခံမူအဖြစ် ထားပြီး လုပ်ဆောင်မည် ဖြစ်ကာ၊ "ရေလျှံ" သလို အရှိန်ပြင်း တွန်းအားပေးမှုမျိုးကို ပြုလုပ်မည် မဟုတ်ကြောင်း၊ စီးပွါးရေး စုစုပေါင်းပမာဏကို တရား နည်းလမ်း ကျသည့်ဘောင်အတွင်း၌ ရှိစေရန် ထိန်းသိမ်းသွားမည် ဖြစ်ပြီး စီးပွါးရေး ဖွဲ့စည်းပုံ ပိုမို တိုးတက် ကောင်းမွန်လာအောင်လည်း တပြိုင်တည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ကြပါသည်။

လွန်ခဲ့သည့်နှစ် နှစ်ကုန်ပိုင်းက ကျင်းပခဲ့သော ဗဟို စီးပွါးရေးလုပ်ငန်း အစည်းအဝေးတွင်၊ ငွေရင်းမြှုပ်နှံမှု၏ သော့ချက်ကျသော အခန်းကဏ္ဍကို အားသစ်လောင်းပေးရမည် ဖြစ်ပြီး အားကောင်းသော ပြည်တွင်းဈေးကွက် ဖြစ်တည် လာအောင် အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အတိုင်းအတာ ပိုမို ကြီးမားသော အခွန်နှင့် သက်ဆိုင်ရာ စရိတ်များ လျှော့ချရေးကို ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ သင့်လျော်သော ပုံမှန် တည်ငြိမ်သည့် ငွေကြေး မူဝါဒကို ကျင့်သုံးရမည် ဖြစ်ကြောင်း စသဖြင့် တင်ပြထားသည်ဟု သတင်းရရှိပါသည်။ (ကျော့)

   Webradio