• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် နှစ်ကုန်တွင် တရုတ် ချန်အို အမှတ်-၅ အာကာသယာဉ် လကမ္ဘာ ကြမ်းပြင်၌ နမူနာ ကောက်ယူ သိမ်းဆည်းပြီး ပြန်လာမည်

(GMT+08:00) 2019-01-15 10:22:08

တရုတ် အာကာသ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က၊ ချန်အို အမှတ်-၄ လကမ္ဘာ စူးစမ်းရေး တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ခဲ့ပြီး ဖြစ်ခြင်းသည် တရုတ်ပြည်၏ လကမ္ဘာ စူးစမ်းရေး စတုတ္ထ အဆင့်ကာလ လုပ်ငန်းတာဝန်နှင့် အာကာသ ဟင်းလင်းပြင် နက်ရှိုင်းစွာ စူးစမ်းလေ့လာရေး လုပ်ငန်းများ ဘက်စုံ စတင်ပြီဟု ပြသနေကြောင်း၊ ယခုနှစ် နှစ်ကုန်တွင် တရုတ် ချန်အို အမှတ်-၅ အာကာသယာဉ်သည် လကမ္ဘာ ကြမ်းပြင်၌ နမူနာ ကောက်ယူ သိမ်းဆည်းပြီး ပြန်လာမည် ဖြစ်ကြောင်း၊ တရုတ်ပြည်၏ ပထမဆုံးအကြိမ် အင်္ဂါဂြိုဟ် စူးစမ်းရေး တာဝန်ကို ၂၀၂၀ ပြည့်နှစ် ဝန်းကျင်တွင် အကောင်အထည် ဖေါ်ဆောင်သွားမည် ဖြစ်ကြောင်း ယခုလ ၁၄ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ချန်အို အမှတ်-၄ လကမ္ဘာ စူးစမ်းလေ့လာရေး လုပ်ငန်းကို ယခုလ ၁၁ ရက်နေ့တွင် ချောမောအောင်မြင်စွာ ထမ်းဆောင်ခဲ့ပြီ ဖြစ်ကြောင်း၊ ချန်အို အမှတ်-၄သည် လူသား သမိုင်းတွင် ပထမဆုံးအကြိမ် အဖြစ်ဖြင့် အာကာသယာဉ် လကမ္ဘာ ကျောဘက်၌ ညင်သာစွာ ဆက်းသက်မှုနှင့် ကင်းလှည့် တိုင်းတာ လေ့လာမှုကို ဖေါ်ဆောင်နိုင်ခဲ့သည့် အပြင်၊ ပထမဆုံးအကြိမ်အဖြစ်ဖြင့် ကမ္ဘာလုံးနှင့် လကမ္ဘာ ကျောဘက် ကြား၌ ထပ်ဆင့် တိုင်းတာ၊ ထိန်းချုပ်၊ ဆက်သွယ်မှုကိုလည်း ဖေါ်ဆောင်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယခုလ ၁၄ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင်၊ တရုတ်နိုင်ငံတော် အာကာသ ဦးစီးဌာန ဒုညွှန်ကြားရေမှူးချုပ် ဦယန့်ဟွာက၊ နိုင်ငံအသီးသီးမှ သက်ဆိုင်ရာလုပ်ငန်းရှင်များ နောက်ဆက်တွဲ လကမ္ဘာ စူးစမ်းရေးနှင့် အင်္ဂါဂြိုဟ် စူးစမ်းရေး စသည့် အာကာသ ဟင်းလင်းပြင် နက်ရှို်င်းစွာ စူးစမ်းလေ့လာရေး လုပ်ငန်းတွင် ပါဝင်ရန် ကြိုဆိုကြောင်း၊ အရပ်ဘက် ရင်းနှီးမြှုပ်နှံသူများ အာကာသဆိုင်ရာ လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြရန်လည်း ကြိုဆိုကြောင်း ပြောကြားပါသည်။ (ကျော့)

   Webradio