• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံသည် နယ်စပ်ရွှေတြိဂံနယ်ဂိတ်ကို ယာယီပြန်လည်ဖွင့်လှစ်

(GMT+08:00) 2019-01-11 14:50:13

မြန်မာစီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအရာရှိသည် ဒေသစံတော်ချိန် ယခုလ ၁၀ ရက်နေ့ မနက် ၉ နာရီတွင် ယမန်နှစ်နှစ်ကုန်ကပိတ်ခဲ့သော မြန်မာ-တရုတ် နယ်စပ်၌မြန်မာဘက်ရှိရွှေတြိဂံနယ်စပ်ဂိတ်ကို ယာယီပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ၁၀ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

မြန်မာစီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်ထောက်အမြဲတမ်းအတွင်း ဝန်ဦးခင်မောင်လွင်က ယမန်နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လုံခြုံရေးဆိုင်ရာများကြောင့် ရွှေတြိဂံနယ် စပ်ဂိတ်ကိုပိတ်ခဲ့ပြီးနောက် သစ်သီးသည်နှင့်ကုန်သည်များဆုံးရှုံးမှုလွန်စွာ များပြားသဖြင့် ယခုလ ၇ ရက်နေ့က မြန်မာကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံ ဆိုင်ရာတရုတ် သံရုံးတို့ညှိနှိုင်းပြီးယခုလ ၁၀ ရက်နေ့က ရွှေတြိဂံနယ်စပ်ဂိတ်ကို ယာယီပြန်လည်ဖွင့်လှစ် ရန်အတည်ပြုခဲ့ကြောင်း၊ ဘက်အသီးသီးတို့သည် ယင်းနယ်စပ်ဂိတ်ကို ရေရှည်ဖွင့်လှစ် ရန်လည်းတစ်ဆင့်တိုးဆွေးနွေး မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

   Webradio