• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးသည် ချင်တူးမြို့သို့သွားရောက်၊ တိုက်ရိုက်ပျံသန်း သောလေကြောင်းလိုင်း ဒေသနှစ်ခုပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးနိုင်ရန်မျှော်လင့်

(GMT+08:00) 2019-01-11 12:49:49

     ချင်တူးမြို့မှ ရန်ကုန်မြို့သို့ တိုက်ရိုက်ပျံသန်းသော လေယာဉ်လိုင်းသည် တရုတ်ခရီးသည် များ မြန်မာနိုင်ငံကို သွားရောက်ရန် အဆင်ပြေစေနိုင်သည့်အပြင် မြန်မာနိုင်ငံနှင့် ချင်တူးမြို့၊ စီချွမ်းပြည်နယ်အကြား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း တွန်းအားပေးနိုင်သည်ဟု ယခုလ ၁၀ ရက်နေ့က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းက ချင်တူးမြို့၌ တရုတ်သတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားပါသည်။

ထိုနေ့က Air Myanmar ချင်တူးမှ ရန်ကုန်သို့ လေယာဉ်တိုက်ရိုက်ပျံသန်းခြင်း သတင်း စာရှင်းလင်းပွဲနှင့် မြန်မာနိုင်ငံခရီးသွားမိတ်ဆက်ပွဲကို ချင်တူးမြို့၌ ကျင်းပခဲ့သည်။ ဦးသစ်လင်းအုန်းသည် မိတ်ဆက်ပွဲသို့ တက်ရောက်ပြီး တရုတ်ခရီးသည်များအား ချစ်ခင်ရင်းနှီးစွာ ဖိတ်ခေါ်ခဲ့သည်ဟုသိရသည်။

   Webradio