• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်သူလူထုဆေးဝါးကုသမှု ထိန်းသိမ်းကာကွယ်ရေးအဆင့်အတန်းကို အဆက်မပြတ် မြှင့်တင်မည်ဟုဟန်ကျင့်ဆို

(GMT+08:00) 2019-01-11 12:48:43

     ယခုလ ၁၀ ရက်နေ့နံနက်ပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီဒုတိယဝန်ကြီးချုပ် ဟန်ကျင့်သည် ဆေးဝါးကုသမှု အာမခံပေးရေး လုပ်ငန်းအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီးမိန့်ခွန်းကို တိကျစွာ လေ့လာ၊ လိုက်နာဆောင်ရွက်ပြီး တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီတို့၏ ဆုံးဖြတ်ချက်နှင့် စီမံခန့်ခွဲမှုကို လက်တွေ့ကျဆောင်ရွက်ကာ လာမည့်အဆင့်ကာလ ဆေးဝါးကုသမှု အာမခံပေးရေးလုပ်ငန်းကို လေ့လာ စီမံခန့်ခွဲမည်ဟု ပြောကြားကြောင်း ဆင်ဟွာသတင်းအရသိရသည်။

   Webradio