• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရန်သည် ဗိုလ်​ကျ​စိုး​​မိုး​ရေးအာဏာ​အား ​အ​ညံ့​ခံ​မည်မဟုတ်ကြောင်း အီရန်အမြင့်ဆုံး ခေါင်းဆောင် ဆို

(GMT+08:00) 2019-01-10 16:34:36

      အီရန်အမြင့်ဆုံးခေါင်းဆောင် Ali Khamenei သည် တီဟီရန်၌ ကျင်းပသည့် အစ္စလာမ် တော်လှန်ရေး လှုပ်ရှားမှုတစ်ရပ်တွင် မိန့်ခွန်းပြောကြားခဲ့ရာ၌၊ အီရန်အနေနှင့် ဗိုလ်ကျ စိုးမိုးရေးအာဏာအား အညံ့ခံမည်မဟုတ်ကြောင်းအလေးထားဖော်ပြခဲ့သည်ဟု အီရန် အစ္စလာမ်သမ္မတနိုင်ငံသတင်းဌာနမှ ၉ ရက်နေ့ထုတ်သတင်းကို ကိုးကား၍ စီအာအိုင်က ဖော်ပြသည်။

အမေရိကန်သည်၊ အီရန်နိုင်ငံအား ပြန်လည်ဘက်စုံအရေးယူမှုပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ Khamenei က၊ ယခုအကြိမ်အရေးယူမှုသည် သမိုင်းတွင် မကြုံစဖူးဖြစ်သည်ဟု အမေရိကန်လူမျိုးများက ဝမ်းသာအားရစွာ ဖောပြခဲ့သော်လည်း၊ အမေရိကန်လူမျိုးများ ရင်ဆိုင်ရမည့် ဆုံးရှုံးမှုသည်လည်း၊ သမိုင်းတွင် မကြုံစဖူးကြုံတွေ့ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio