• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ပြည်သူလူထု စားသုံးမှုနှင့် တံခါးဖွင့်ရေးကို တိုးချဲ့ ဆောင်ရွက်မည်

(GMT+08:00) 2019-01-10 09:50:13

တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုဥက္ကဋ္ဌ နင်ကျီကျယ်က၊ တရုတ်နိုင်ငံသည် စီးပွါးရေး မှန်မှန် လည်ပတ်မှုကို အာမခံ ပေးရန် အတွက်၊ ပြည်သူလူထု စားသုံးမှု တိုးချဲ့ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ မူဝါဒများကို ရေးဆွဲချမှတ်မည် ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြား လုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံရေး လုပ်ငန်းနယ်ပယ်ကိုလည်း တိုးချဲ့သွားမည် ဖြစ်ကြောင်း မကြာမီက ပီကင်း၌ ပြောကြားခဲ့ပါသည်။

မကြာမီက ကျင်းပခဲ့သည့် တရုတ် ဗဟို စီးပွါးရေးလုပ်ငန်း အစည်းအဝေးတွင်၊ အားကောင်းသော ပြည်တွင်းဈေးကွက် ဖြစ်လာရမည်ဟု တင်ပြထားပါသည်။ ယင်းနှင့် ပတ်သက်ပြီး နင်ကျီကျယ်က၊ မျက်မှောက်အချိန်တွင် တရုတ်ပြည်သူပြည်သားများ၏ ဝင်ငွေ ဆက်တိုက် တိုးများလာပြီး စားသုံးမှု ပမာဏ အဆက်မပြတ် တိုးလာရန်အရှိန် ထင်ရှားပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒသည် ယင်းရေစီးကြောင်းနှင့် လိုက်လျောညီထွေ ဖြစ်စေရမည် ဖြစ်ပြီး စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးအပေါ် စားသုံးမှု၏ အခြေခံ အခန်းကဏ္ဍကို အားဖြည့်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

    ဗဟို စီးပွါးရေးလုပ်ငန်း အစည်းအဝေးတွင်၊ ကဏ္ဍစုံ တံခါးဖွင့်ရေးကို တွန်းအား ပေးရမည်ဟုလည်း တင်ပြထားပါသည်။ ယင်းနှင့် ပတ်သက်ပြီး နင်ကျီကျယ်က၊ မိမိတို့သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသုံးပြုရေး ပတ်ဝန်းကျင် ဘက်စုံ ကောင်းမွန်လာအောင် ဆောင်ရွက်မည် ဖြစ်ပြီး အရေးကြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းစဉ်များ အမြန်ဆုံး အကောင်အထည်ဖေါ်နိုင်ရန် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။ (ကျော့)

   Webradio