• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ ခုနှစ် တရုတ် နိုင်ငံတော် အမြင့်ဆုံး သိပံ္ပနည်းပညာဆု ချီးမြှင့်

(GMT+08:00) 2019-01-09 09:26:47

တရုတ် နိုင်ငံတော် သိပံ္ပနည်းပညာဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယခုလ ၈ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ပါသည်။ ၂၀၁၈ ခုနှစ် နိုင်ငံတော် သိပ္ပံနည်းပညာဆုများမှာ အခြေခံ သိပံ္ပနည်းပညာနှင့် ကုန်ထုတ်လုပ်မှုနည်းပညာ၊ အမျိုးသားစီးပွါးရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းနယ်ပယ်မျိုးစုံ ပါဝင်ထားပါသည်။

သိပံ္ပနည်းပညာဆိုင်ရာ လုပ်ငန်းစဉ် ၂၇၈ ရပ်နှင့် သိပံ္ပပညာရှင် ၇ ဦးတို့သည် ၂၀၁၈ ခုနှစ် တရုတ် နိုင်ငံတော် သိပံ္ပနည်းပညာဆုများကို ရရှိခဲ့ပြီး ယင်းတို့အနက် ဟာရ်ပင် စက်မှု တက္ကသိုလ်မှ ပညာတံခွန်အသင်းဝင် လျူယုံထန်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ကြည်းတပ် အင်ဂျင်နီယမ် တက္ကသိုလ်မှ ပညာတံခွန်အသင်းဝင် ချန်ချီဟူ တို့သည် အမြင့်ဆုံး သိပံ္ပနည်းပညာဆု ရရှိခဲ့ပါသည်။ အခြား သိပံ္ပပညာရှင်များသည် နိုင်ငံတော် သဘာဝ သိပံ္ပပညာဆု၊ နိုင်ငံတော် နည်းပညာ ဆန်းသစ်တီထွင်ရေးဆု၊ နိုင်ငံတော် သိပံ္ပပညာ တိုးတက်ရေးဆုနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံတကာ သိပံ္ပနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆု စသည့်ဆုများကို အသီးသီး ရရှိခဲ့ကြပါသည်။

တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည့် နှစ် ၄၀ အတွင်း တရုတ်နိုင်ငံ၏ သိပ္ပံနည်းပညာမှာ ကြီးမြတ်သော တိုးတက်အောင်မြင်မှုများ ရရှိပြီး၊ အရေးကြီး သိပံ္ပနည်းပညာ လုပ်ငန်းနယ်ပယ်အချို့သည် ကမ္ဘာ့ရှေ့ပြေးနေရာ၌ တည်ရှိနေပါသည်။ သိပ္ပံနည်းပညာသည် စီးပွါးရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အားကောင်းသော အထောက်အကူ ပေးနေသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။ (ကျော့)

   Webradio