• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံနှင့် လက်တွဲလျှင် ဖွံ့ဖြိုးမည်ဟု ဗာနွာတူ ဝန်ကြီးချုပ် ဆို

(GMT+08:00) 2019-01-07 10:29:05

တရုတ် မီးရထား ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီ လက်အောက်ခံ တူမူ အင်ဂျင်နီယမ် ကုမ္ပဏီအုပ်စု တာဝန်ယူ ဆောက်လုပ်ပေးသော ဗာနွာတူနိုင်ငံ ကားလမ်း မွမ်းမံ ပြုပြင် အဆင့်မြှင့်တင်ရေးလုပ်ငန်း ပထမအဆင့်ကာလ လုပ်ငန်းစဉ်များ ပြီးမြောက်ခြင်း အခမ်းအနားကို ဒေသစံတော်ချိန် ယခုလ ၆ ရက်နေ့က ဗာနွာတူနိုင်ငံ၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဗာနွာတူ ဝန်ကြီးချုပ် စာဝိုင်က၊ ယင်းသည် ဗာနွာတူ ပြည်သူပြည်သားများ မှတ်ထားရမည့် သမိုင်းဝင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် ဖြစ်ပြီး အနာဂတ်တွင် တရုတ်နှင့် ဗာနွာတူတို့သည် ရင်းနှီးမြှုပ်နှံရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ပထမ အဆင့်ကာလ လုပ်ငန်းစဉ်များ ပြီးမြောက်သည့် တစ်ချိန်တည်းတွင် ဒုတိယ အဆင့်ကာလ လုပ်ငန်းစဉ်များလည်း စတင်ခဲ့ပါသည်။ ကားလမ်း မွမ်းမံ ပြုပြင်ခြင်း မခံရမီက၊ ယင်းဒေသ၌ လမ်းပန်းဆက်သွယ်ရေး ပတ်ဝန်းကျင်မှာ လွန်စွာ ဆိုးရွားသည်။ ယခုဆိုလျှင် ဒေသခံများက ကတ္တရာလမ်းမပေါ်မှာ အဆင်ပြေစွာ သွားလာ ပြေးဆွဲနိုင်မှာ ဖြစ်ပါသည်။ ယင်းလုပ်ငန်းစဉ်များသည် ဗာနွာတူ နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွား လုပ်ငန်းကို ထိရောက်စွာ တွန်းအားပေးနိုင်မည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio