• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ကျေးလက် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုကို ဦးစားပေး ဆောင်ရွက်မည်

(GMT+08:00) 2019-01-03 09:54:27

မကြာမီက ကျင်းပခဲ့သည့် တရုတ် ဗဟို ကျေးလက်ဒေသ လုပ်ငန်း အစည်းအဝေးတွင်၊ လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမားများဆိုင်ရာ လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားပါသည်။

တရုတ်အစိုးရ အရာရှိများနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက၊ အစည်းအဝေးတွင်၊ တရုတ်နိုင်ငံသည် ကျေးလက် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုကို ဦးစားပေး ဆောင်ရွက်ရမည်ဟု အလေးအနက် တင်ပြထားကြောင်း၊ ပြည်တွင်း ပြည်ပ ပတ်ဝန်းကျင် ပြောင်းလဲမှု အခြေအနေအရ ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း တင်ပြထားကြောင်း၊ ယင်းသည် တရုတ်ပြည် လယ်ယာစိုက်ပျိုးရေး ခေတ်မီရေး ဖြစ်စဉ်ကို တွန်းအားပေးမည် ဖြစ်ကြောင်း ဖေါ်ပြခဲ့ကြပါသည်။

၂၀၁၉ ခုနှစ်သည် တရုတ်နိုင်ငံက အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း ဘက်စုံ တည်ထောင်ရေးဆိုင်ရာ ပထမဆုံး နှစ်တစ်ရာ ရည်မှန်းချက် ဖေါ်ဆောင်ရန် သော့ချက်ကျသော နှစ်တစ်နှစ်ပင် ဖြစ်ကြောင်း၊ ယခုနှစ် အတွင်း တရုတ်နိုင်ငံသည် လယ်ယာ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုကို ဦးစားပေးရေး မူဝါဒကို စွဲစွဲမြဲမြဲ ဆက်လက် ကျင့်သုံး သွားမည် ဖြစ်ပြီး ကျေးလက်ဒေသ ရှင်သန်ရေး မဟာဗျူဟာကို ဇောက်ချ ဖေါ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကျေးလက်ဒေသ လယ်မြေ စနစ် ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး တွန်းအားပေးမည် ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ဆောင်မှု အသွင်ပုံစံကို ဆန်းသစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ (ကျော့)

   Webradio