• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဗဟိုမီဒီယာအုပ်စု ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် နိုင်ငံခြား ပရိသတ်များအား နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောကြား

(GMT+08:00) 2019-01-01 16:49:14



၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ တရုတ် ဗဟို မီဒီယာအုပ်စု ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက အသံလွှင့်အစီအစဉ်နဲ့ အင်တာနက်ကတစ်ဆင့် နိုင်ငံခြား ပရိသတ်များအား နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောကြားပြီး နှစ်သစ် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ မစ္စတာ ရှင့်ဟိုင်ရှုံက၊ ကမ္ဘာကြီးအား တရုတ်ပြည် အကြောင်း ထုတ်လွှင့်ဖို့၊ တရုတ်ပြည်အား ကမ္ဘာကြီး အကြောင်းကို ထုတ်လွှင့်ဖို့နဲ့ ကမ္ဘာ့ နိုင်ငံအသီးသီးမှ ပြည်သူများ အကြား နားလည်ရေးနှင့် ချစ်ကြည်ရေးကို တိုးမြှင့်ဖို့တို့ဟာ ဗဟိုမီဒီယာ အုပ်စုရဲ့ ပြောင်းလဲမှာ မဟုတ်တဲ့ ကနဦးစိတ်နဲ့ တာဝန်ဝတ္တရားပဲ ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်တဲ့ နှစ် ၇၀ ပြည့်တဲ့နှစ် ဖြစ်ပြီး၊ ဗဟို မီဒီယာ အုပ်စုက မိတ်ဆွေများအား ပိုမို စစ်မှန်တဲ့ ပိုမို ကဏ္ဍစုံလင်တဲ့ ခေတ်သစ် တရုတ်ပြည် အကြောင်းကို မိတ်ဆက် ပြသပေးမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

နှစ်ခွန်းဆက်စကားက အောက်ပါတိုင်းပါ။

 

လေးစားအပ်သော မိတ်ဆွေများ ခင်ဗျား

   နှစ်သစ် နေရောင်ခြည်သစ်မှာ ကျွန်တော်က ဗဟို မီဒီယာအုပ်စုနဲ့ ဝန်ထမ်းများ ကိုယ်စား၊ နိုင်ငံခြား မိတ်ဆွေများအား ဆုမွန်ကောင်း တောင်းအပ်ပါတယ်၊ နှစ်သစ်ကူး ပျော်ရွှင်ပါစေခင်ဗျား။

ပြီးခဲ့တဲ့ နှစ် ၁၃၀၀ ကျော်တုန်းက တရုတ် ထမ်မင်းဆက်ခေတ်က ကဗျာဆရာကြီး ဝမ်ပိုက သူရဲ့မိတ်ဆွေကောင်း မစ္စတာတုကို ပို့ဆောင်နှုတ်ဆက် ရာမှာ၊ "ဤကမ္ဘာကြီး၌ မိတ်ဆွေစစ် ရှိပါက နယ်စွန်နယ်ဖျားလည်း ဝေးမည် မဟုတ်ပေ" ဆိုတဲ့ နာမည်ကြီး ကဗျာပုဒ်လေးကို ရေးသားခဲ့ဖူးတယ်။ အဲဒီကဗျာဟာ ယခုအချိန်မှာ ကျွန်တော်က မိတ်ဆွေများအား ဖေါ်ပြချင်တာကို စုံလင် ဖေါ်ပြထားပါတယ်။

မိတ်ဆွေများအဖို့ ကျွန်တော်ရဲ့ အသံဟာ အသံသစ် ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ် မတ်လက နိုင်ငံတကာ မီဒီယာများ ပေါင်းရုံး ဖွံ့ဖြိုးတိုးတက်ရေး အရှိန်နဲ့ လိုက်လျောပြီး ဗဟို မီဒီယာ အုပ်စုကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒါဟာ စီအာအိုင်၊ ဗဟိုရုပ်မြင်သံကြားဌာနနဲ့ ဗဟို ပြည်သူ့ အသံလွှင့်ဌာနများကို ပေါင်းပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဲဒီတုန်းက အာဂျင်တီးနား အင်တာနက် ပရိသတ် ကာတို ဝေတာက လူမှုကွန်ရက်မှာ ဒီလို ပြောတယ်၊ ဗဟိုမီဒီယာအုပ်စု တည်ထောင်ခြင်းကို ထောမနာ ပြုတယ်။ တရုတ်နိုင်ငံဟာ အရင်ကလိုပဲ ခင်မင်ရင်းနှီးပြီး သာယာလှပတာကို ကိုယ် ခံစားမိတယ်။ ကိုယ်က ချစ်ကြည်ရေး အင်အားကို ပိုမို နက်ရှိုင်းစွာ နားလည်ပါပြီလို့ ရေးသားဖေါ်ပြထားပါတယ်။

မိတ်ဆွေဟောင်းနဲ့ မိတ်ဆွေသစ်တို့ စိတ်ရင်းစေတနာနဲ့ အားပေးနေခြင်း အတွက် ကျေးဇူးတင်အပ်ပါတယ်။ ကျွန်တော်တို့ဟာ ကနဦးစိတ် မေ့မှာ မဟုတ်ပါ။ အသစ် ဖွဲ့စည်းတဲ့ ဗဟိုမီဒီယာ အုပ်စုဟာ အရင်ကလိုပဲ အောက်ပါတာဝန်ဝတ္တရားကို ထမ်းဆောင်နေတယ်။ အဲဒါ ကတော့ ကမ္ဘာကြီးအား တရုတ်ပြည် အကြောင်း ထုတ်လွှင့်ဖို့၊ တရုတ်ပြည်အား ကမ္ဘာကြီး အကြောင်းကို ထုတ်လွှင့်ဖို့နဲ့ ကမ္ဘာ့ နိုင်ငံအသီးသီးမှ ပြည်သူများ အကြား နားလည်ရေးနှင့် ချစ်ကြည်ရေးကို တိုးမြှင့်ဖို့ ဖြစ်တယ်။ မိတ်ဆွေများ ကျေနပ်လာအောင်၊ ဒီ့ထက် ပိုကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပြောဖူးတယ်၊ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးမှုဟာ ကမ္ဘာကြီးနဲ့ ခွဲမရ သလို ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးမှုလည်း တရုတ်ပြည်ကို လိုအပ်တယ်တဲ့။ ပြီးခဲ့တဲ့ တစ်နှစ် အတွင်း ကျွန်တော်တို့ဟာ မှန်ဘီလူး၊ မိုက်ဖုန်းနဲ့ ကလောင်များနဲ့ တရုတ်နဲ့ ကမ္ဘာကြီးရဲ့ ကူးလူးဖလှယ်မှုကို တွန်းအား ပေးရာမှာ ပါဝင်ကြိုးပမ်းနေခဲ့ကြတယ်။ အဲဒါတွေထဲမှာ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေး နှစ် ၄၀ ပြည့်၊ ပထမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ၊ တရုတ်-အာဖိရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် စတာတွေ ပါဝင်ထားပါတယ်။ ကျွန်တော်တို့ဟာ လွတ်လပ်စွာ ကုန်သွယ်မှု ထိန်းသိမ်းကာကွယ်ရေး၊ စီးပွါးရေး တပြေညီ ဖြစ်စဉ်ကို တွန်းအားပေးရေးမှာ တရားမျှတသော အသံ ထွက်ကြပါတယ်။ အေပက် ထိပ်သီးအစည်းအဝေး၊ ဂျီ-၂၀ ထိပ်သီး အစည်းအဝေးမှာလည်း တရုတ် အသံ ပြသပြီး ထောက်ခံ သဘောတူညီမှုများကို ရရှိခဲ့တယ်။ တရုတ်-ရုရှား၊ တရုတ်-အီတလီ၊ တရုတ်-ဂျပန် စတဲ့ ဘာသာမျိုးစုံ မိုဘိုင်း client များကို ဆက်သွယ်ပေးပြီး "ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုကို လိုက်ခ်ပေးခြင်း"၊ "ရှန်ဟိုင်း သွင်းကုန် ကုန်စည်ပြပွဲမှာ ချိန်းကြစို့" စတဲ့ အွန်လိုင်း လှုပ်ရှားမှုများဟာ နိုင်ငံအသီးသီးမှ ဖန့်စ် များစွာကို စွဲဆောင်နေပါတယ်။ "ပိုအော် အာရှဖိုရမ် အာရှမီဒီယာ ထိပ်သီး အစည်းအဝေး"၊ "ဟုန်ချောင် နိုင်ငံတကာ ဘဏ္ဍာရေး စီးပွါးရေး မီဒီယာနဲ့ သိတတ်ပညာရှင်များအဖွဲ့ ဖိုရမ်"တို့ဟာ နိုင်ငံတကာ မီဒီယာများမှ အာရုံစူးစိုက်မှု ခံယူရတယ်၊ "အာဖရိက၌ တရုတ်ရုပ်ရှင်ကားများ လှည့်လည် ပြသခြင်း"၊ "တရုတ်ရုပ်ရှင်ဇာတ်ရုံ"၊ "ကိုယ်က တရုတ် ဝါသနာအိုးပါ" စတဲ့ လှုပ်ရှားမှုဟာ ပိုမို များပြားတဲ့ မိတ်ဆွေများကို တရုတ် ဝါသနာအိုး ဖြစ်လာစေပါတယ်။

၂၀၁၉ ခုနှစ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်တဲ့ နှစ် ၇၀ ပြည့် ဖြစ်ပြီး ဗဟို မီဒီယာ အုပ်စုက မိတ်ဆွေများအား ပိုမို စစ်မှန်တဲ့ ပိုမို ကဏ္ဍစုံလင်တဲ့ ခေတ်သစ် တရုတ်ပြည် အကြောင်းကို မိတ်ဆက် ပြသပေးမှာ ဖြစ်ပါတယ်။ ခေတ်သစ်မှာ ကျွန်တော်တို့ဟာ မိတ်ဆွေများအား ဆန်းသစ်တဲ့ ရသမြောက်တဲ့ အစီအစဉ်များကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဖြစ်မှန်များနဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာ့ ငြိမ်းချမ်းရေး တည်ဆောက်သူ၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုစွမ်းဆောင်သူနဲ့ နိုင်ငံတကာ စည်းစနစ် ထိန်းသိမ်းကာကွယ်သူ ဖြစ်တာကို ပြသမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မီဒီယာ အသွင်ပုံစံကို ဆန်းသစ်တီထွင်ပြီး၊5GAI၊huge data၊ CloudComputing၊ စတဲ့ နည်းပညာသစ်တွေကို အသုံးပြုကာ၊ အရည်အသွေး မြင့်မားစွာ တိုးတက်မှုကို တွန်းအားပေးပြီး ကမ္ဘာ့ရှေ့ပြေး အမျိုးအစားသစ် ပင်မ မီဒီယာ ဖြစ်လာအောင် ကြိုးပမ်းမှာ ဖြစ်၍ မိတ်ဆွေများအား ပိုမို ကောင်းမွန်စွာ ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းဖြစ်သူ၊ "ရှီကျင့်ဖိန်၊ တရုတ်အိပ်မက် ဖေါ်ဆောင်နေ" စာအုပ် ရေးသားတဲ့ ရုရှား နာမည်ကြီး တရုတ်အကြောင်း ပညာရှင် တာဗ်ရောစ်ဗ်စကီက ကျွန်တော်တို့ကို ဖုန်းဆက်ပြီး ပြောဖူးတယ်၊ တရုတ်ပြည် တင်ပြတဲ့ လူသား ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ခြင်းဟာ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်မှာ လမ်းပြမီးတိုင် ဖြစ်တယ်တဲ့။ လူသားဟာ ကမ္ဘာလုံး တစ်ခုသာ ရှိတယ်၊ နိုင်ငံ အသီးသီးတို့ ကမ္ဘာကြီး တစ်ခုထဲမှာ အတူ နေကြတယ်။ ကျွန်တော်တို့က လူသား ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ဖို့၊ ရေရှည် ငြိမ်းချမ်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုံခြုံတဲ့၊ စည်ပင်သာယာပြီး သက်ညှာထောက်ထားတဲ့ သာယာလှပတဲ့ ကမ္ဘာကြီးကို ဖွဲ့စည်း တည်ထောင်ဖို့အတွက် လက်တွဲ ကြိုးပမ်းကြစို့။

နောက်ထပ်တစ်ကြိမ် ဆုမွန်ကောင်း တောင်းပါရစေ။ ကျေးဇူးတင်ပါတယ်။

   Webradio