• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ဈေးကွက်ဝင်ခွင့်ဆိုင်ရာ negative list စနစ် ဘက်စုံ ဖေါ်ဆောင်

(GMT+08:00) 2018-12-26 10:21:01

ယခုလ ၂၅ ရက်နေ့တွင် တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၊ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနတို့သည် ၂၀၁၈ ခုနှစ် ဈေးကွက်ဝင်ခွင့်ဆိုင်ရာ negative list စာရင်းဇယားကို တရားဝင် ထုတ်ပြန် ခဲ့ကြောင်း၊ ယင်းသည် တရုတ်ပြည်၏ ဈေးကွက်ဝင်ခွင့်ဆိုင်ရာ negative list စနစ် ဘက်စုံ ဖေါ်ဆောင်သည့် ကာလသို့ ဝင်ရောက်ပြီဟု ပြသနေကြောင်း သတင်းရရှိပါသည်။

တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် စနစ်များ ပြုပြင်ပြောင်းလဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ရွှီရှန့်ချန်က၊ စနစ်ဆိုင်ရာ အရေးကြီး ဆန်းသစ်မှု တစ်ရပ် အဖြစ်ဖြင့် ဈေးကွက်ဝင်ခွင့်ဆိုင်ရာ negative list စနစ် ဘက်စုံ ဖေါ်ဆောင်ခြင်းသည် တရုတ်နိုင်ငံက ဈေးကွက်ဝင်ခွင့် နယ်ပယ်၌ ညီညွတ်ပြီး တရားမျှတသော စည်းစနစ်ကို ချမှတ်ပြီဟုလည်း ပြသပါကြောင်း၊ ပိုင်ဆိုင်မှု စနစ် မတူခြားနားသော လုပ်ငန်းကုမ္ပဏီများသည် တူညီသော ဈေးကွက်ဝင်ခွင့်ကို ခံစားနိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

အထက်ပါ negative list စာရင်းဇယားတွင် ဝင်ခွင့်ပြုခြင်းနှင့် ဝင်ခွင့် မပြုခြင်း နှစ်မျိုး ခွဲထားပြီး အကြောင်းရပ် ၁၅၁ ရပ်နှင့် အသေးစိတ် စီမံအုပ်ချုပ်ရေး ဆောင်ရွက်ချက် ၅၈၁ ရပ် ပါဝင်ကြောင်း သိရပါသည်။ (ကျော့)

   Webradio