• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် နိုင်ငံခြား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရေး ဥပဒေကို ရေးဆွဲချမှတ်ရန် စီစဉ်

(GMT+08:00) 2018-12-24 09:46:11

တရုတ်နိုင်ငံ၏ ဥပဒေပြုရေးဌာန ဖြစ်သည့် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီသည် ယခုလ ၂၃ ရက်နေ့ ညနေပိုင်းကစပြီး ပီကင်း၌ နိုင်ငံခြား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရေးဥပဒေမူကြမ်းကို စိစစ် ဆွေးနွေးခဲ့ကြောင်း၊ နိုင်ငံခြား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ အခြေခံဥပဒေ အဖြစ်ဖြင့် ယင်းဥပဒေကို ရေးဆွဲ ချမှတ်ရာ၌ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် ကာကွယ်ရေးကို အလေးထားနေကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုနှစ် အောက်တိုဘာလ အထိ တရုတ်နိုင်ငံ၌ နိုင်ငံခြား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံသော လုပ်ငန်းကုမ္ပဏီ ပမာဏမှာ ၉ သိန်း ၅ သောင်းခန့် ရှိပြီ ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသုံးပြုခြင်း စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၁၀၀ ကျော် ရှိကာ နိုင်ငံခြား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုသည် တရုတ်ပြည် စီးပွါးရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရေးဆိုင်ရာ အရေးကြီး အင်အား ဖြစ်လာပြီ ဖြစ်ကြောင်း၊ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည့် နောက်ပိုင်း၊ တရုတ်နိုင်ငံတွင် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ ဖက်စပ် ရင်းနှီးမြှုပ်နှံသော လုပ်ငန်းကုမ္ပဏီ ဥပဒေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်သော လုပ်ငန်းကုမ္ပဏီ ဥပဒေ၊ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ ပူးပေါင်း လုပ်ကိုင်သော လုပ်ငန်းကုမ္ပဏီ ဥပဒေ အပါအဝင် ဥပဒေသုံးခုကို အဓိကထားသော နိုင်ငံခြား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရေး ဥပဒေ စည်းစနစ် ဖြစ်တည် လာပြီ ဖြစ်ကာ၊ ယင်းသည် တံခါးဖွင့်ရေးလုပ်ငန်း တိုးချဲ့ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသုံးပြုရေးအတွက် ဥပဒေအရ အာမခံချက် ပေးနေကြောင်း သတင်းရရှိပါသည်။ (ကျော့)

   Webradio