• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားဘာသာဖြင့် "ရှီကျင့်ဖိန်၏ ပြောဆိုခြင်း"စာအုပ်ကို မော်စကိုတွင် ထုတ်ဝေဖြန့်ချိ

(GMT+08:00) 2018-12-17 19:25:57

ယခုလ ၁၄ရက်နေ့က ရုရှားဘာသာဖြင့် "ရှီကျင့်ဖိန်၏ ပြောဆိုခြင်း"စာအုပ် ထုတ်ဝေဖြန့်ချိခြင်း အခမ်းအနားကို မော်စကိုတွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ရုရှားဘာသာဖြင့် "ရှီကျင့်ဖိန်၏ ပြောဆိုခြင်း"စာအုပ်ကို ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်ခံ သံတမန်ရေး ကောလိပ်မှ ပါမောက္ခ အာလက္ကဇန်ဒါ စေမေနိုဗ်နှင့် ဇနီး တာတီအာနာ စေမေနိုဗာတို့ ဘာသာပြန်ထားကြခြင်း ဖြစ်ကြောင်း၊ စေမေနိုဗ်က ရှီကျင့်ဖိန်သည် တရုတ် အစိုးရ အဆင့်မြင့် အရာရှိများအား စီမံအုပ်ချုပ်ရေး လမ်းစဉ်များကို ရှင်းပြသည့် အပြင်၊ သာမန်ပြည်သူများအား လွယ်ကူစွာ နားလည်နိုင်သည့် ဘာသာ စကားဖြင့် အရေးကြီး နိုင်ငံရေး အတွေးအခေါ်များကို ရှင်းလင်းဖော်ပြနိုင်ကြောင်းလည်း ပြောကြားသည်။

ရုရှားဘာသာဖြင့် "ရှီကျင့်ဖိန်၏ ပြောဆိုခြင်း"စာအုပ်ကို ထုတ်ဝေဖြန့်ချိသည့် ထုတ်ဝေရေးဌာနမှ အမှုဆောင်ဥက္ကဋ္ဌ(CEO) မူဖိန်က ၄င်းရုရှားဘာသာဖြင့် "ရှီကျင့်ဖိန်၏ ပြောဆိုခြင်း"စာအုပ် အပေါ် ရုရှား ပြည်တွင်း ပညာရှင်များမှ အသိအမှတ်ပြုကြခြင်း ရရှိကြောင်း၊ ၄င်းစာအုပ်တွင် ပါရှိသော တရုတ်ပြည်မှ တိုင်းပြည် စီမံအုပ်ချုပ်ရေး ဥာဏ်စွမ်းဥာဏ်စများ အပေါ် ရုရှား ပညာရှင်လောကသည် အာရုံစူးစိုက်နေကြောင်းလည်း ပြောကြားသည်။

 

   Webradio