တတိယအကြိမ်မြောက်"Understanding China" နိုင်ငံတကာအစည်းအဝေးကို ယခုလ ၁၆ ရက်နေ့က ပီကင်းတွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည်၊ အစည်းအဝေးသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ရာ၊ အစည်းအဝေး တက်ရောက်ကြသည့် နိုင်ငံအသီးသီးမှ နိုင်ငံရေးလောက၊ မဟာဗျူဟာလောက၊ လုပ်ငန်း ကုမ္ပဏီလောကနှင့် သုတေသနပညာရပ်လောကတို့မှ ပုဂ္ဂိုလ်များအား ကြိုဆိုပါကြောင်း ဖော်ပြသည်ဟု ဆင်ဟွာသတင်းအရသိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲဝင်၊ ဗဟို ကော်မတီ နိုင်ငံခြားရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီသည်၊ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး၊ ရှီကျင့်ဖိန်၏ ဂုဏ်ပြုကြောင်းသဝဏ်လွှာကို ဖတ်ကြား ခဲ့သည်ဟု သတင်းအရသိရသည်။