|
||||||||
|
|||||||||||||
ဒေသစံတော်ချိန် ယခုလ ၁၅ရက်နေ့က ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ကာတိုဝစ်ဇ် ညီလာခံကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း၊ ၄င်းညီလာခံတွင် မူလ အစီအစဉ်အတိုင်း ပါရီ သဘောတူစာချုပ် လကတွေ့ဖော်ရေး အသေးစိတ် သတ်မှတ်ချက် ဆိုင်ရာ ဆွေးနွေးခြင်းကို ပြုလုပ်ပြီး ဘက်စုံညီမျှသော အောင်ကျိုးရလဒ်များ ရရှိကာ ပါရီ သဘောတူစာချုပ်ပါ ပုဒ်မများကို ဘက်စုံ လက်တွေ့ဖော်ဆောင်၍ တရားမျှတ ရေး၊ "အတူတကွ ထမ်းဆောင်သော်လည်း ကွဲပြားမှု ရှိသည့် တာဝန်ထမ်းဆောင်ရေး အခြေခံမူ"နှင့် စွမ်းရည်ဆိုင်ရာ အခြေခံမူကို ပြသကြောင်း၊ သဘောတူစာချုပ်ကို လက်တွေ့ ဖော်ဆောင်ရေး အတွက် စနစ်နှင့် စည်းမျဉ်းဥပဒေ ဆိုင်ရာ အခြေခံ အုတ်မြစ်ကို ချမှတ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
|