• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယီမင် ပြဿနာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ အောင်ကျိုးရလဒ်များကို လေးနက်စွာ လက်တွေ့ဖော်ဆောင်ရန် တရုတ် ပန်ကြား

(GMT+08:00) 2018-12-16 16:02:03

ကုလသမဂ္ဂ ဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် မာကျောရွှိက မကြာခင်က ဆွေဒင် နိုင်ငံတွင် ကျင်းပခဲ့သော ယီမင် ပြဿနာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ကောင်းမွန်သော အစပျိုးခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ မိသားစုကြီးသည် ၄င်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ အောင်ကျိုးရလဒ်များကို လေးနက်စွာ လက်တွေ့ဖော်ဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အခြေခံ၍ ဆက်တိုက်ပြုနိုင်ကာ ထိရောက်သော ဆွေးနွေးပွဲ ဖြစ်စဉ်ကို တွန်းအားပေးသင့်ကြောင်း ယခုလ ၁၄ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio