• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဖဂန် သမ္မတ ဂါနီသည် ဝမ်ယိကို တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2018-12-16 16:00:41

ဒေသစံတော်ချိန် ယခုလ ၁၅ရက်နေ့က အာဖဂန် နိုင်ငံ သမ္မတ ဂါနီသည် ကာဘူးလ်မြို့တော်တွင် အလည်အပတ် ရောက်ရှိနေသော တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဝမ်ယိက တရုတ်ပြည်သည် အာဖဂန်နှင့် အတူ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီချက်များကို ကောင်းမွန်စွာ လက်တွေ့ဖော်ဆောင်ပြီး နှစ်ဖက် မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု အဆက်မပြတ် တိုးတက်ရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားသည်။

ဂါနီက အာဖဂန် ပြည်တွင်း ပြန်လည်သင့်မြတ်ရေး တွန်းအားပေးရန် အတွက် တရုတ်ပြည်မှ အပြုသဘောဆောင်သော အခန်းကဏ္ဍ ပါဝင်ဆောင်ရွက်ခြင်းနှင့် အာဖဂန် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တရုတ်ပြည်မှ အားပေးထောက်ခံမှုနှင့် ကူညီပံ့ပိုးမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

   Webradio