• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု နှစ်၄၀ပြည့် အထိမ်းအမှတ် ညီလာခံ ကျင်းပမည်

(GMT+08:00) 2018-12-16 16:00:11

တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်၄၀ပြည့်မြောက်ခြင်း အထိမ်းအမှတ် ညီလာခံကို ယခုလ ၁၈ရက်နေ့ နံနက် ၁၀နာရီတွင် ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ညီလာခံသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်းလည်း ပြောကြားမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တရုတ် မီဒီယာ အုပ်စုနှင့် xinhuanet.comသည် ၄င်းညီလာခံကို တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

   Webradio