• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိနိုင်ငံများမှအရာရှိများသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင် ရွက်မှုကို မြင့်မားစွာချီးကျူး

(GMT+08:00) 2018-12-14 15:46:44

     လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတုတ္ထအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယခုလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ လာအိုနိုင်ငံ Louangphabang ပြည်နယ်၌ ကျင်းပမည်ဖြစ်သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားဒေသခွဲ၌ ၂၀၁၈ခုနှစ် လန်ချန်း-မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိနိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော် သို့ တက်ရောက်နေကြသော မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှအရာရှိများသည် စီအာအိုင်သတင်း ထောက်နှင့် တွေ့ဆုံရာတွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို မြင့်မားစွာ ချီးကျူးဝေဖန်ခဲ့ပြီး ယခုအကြိမ်အစည်းအဝေး အောင်မြင်မှုများရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ကူမင်းမြို့ဆိုင်ရာမြန်မာကောင်စစ်ဝန်ချုပ်ဦးစိုးပိုင်က မြန်မာ-တရုတ်နှစ်နိုင်ငံတို့သည် လန်ချန်း-မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိနိုင်ငံများအနေနှင့် ယဉ်ကျေးမှုအနုပညာ ကူးလူးဖလှယ်ရေးပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးခြင်းသည် လန်ချန်း-မဲခေါင် မြစ်ဝှမ်းတစ်လျှောက်ရှိနိုင်ငံများ ကံကြမ္မာအသိုက်အဝန်းကို တည်ထောင်သည့် အရေးကြီး အစိတ်အပိုင်းဖြစ်ကြောင်း၊ မြန်မာ-တရုတ်ယဉ်ကျေးမှုအနုပညာကူးလူးဖလှယ်ရေးသည် အဆင့်သစ်သို့ တက်လှမ်းနိုင်ရန် ယုံကြည်ကြောင်း ပြောကြားပါသည်။

   Webradio