• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ အစည်းအဝေးကို ကြီးမှူးကျင်းပ

(GMT+08:00) 2018-12-14 09:30:24

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့သည် ယခုလ ၁၃ ရက်နေ့က အစည်းအဝေးကို ကျင်းပပြီး ၂၀၁၉ ခုနှစ် စီးပွါးရေး လုပ်ငန်းများကို လေ့လာ သုံးသပ်၍ ၂၀၁၉ ခုနှစ် ကေဒါခေါင်းဆောင်များ သန့်စင်ရေးနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို စီမံခန့်ခွဲခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် နှစ် ၇၀ ပြည့် ဖြစ်ပြီး အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း ဘက်စုံ တည်ထောင်ရေးဆိုင်ရာ ပထမဆုံး "နှစ် တစ်ရာတာ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်"၏ သော့ချက်ကျရာနှစ် တစ်နှစ်ပင် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။ (ကျော့)

   Webradio