|
||||||||
|
|||||||||||||
၃ရက်ကြာ ၂၀၁၈ လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ ယဉ်ကျေးမှုအနုပညာ ပွဲတော်ကို ယခုလ ၁၂ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခွဲ ကျင်ဟုန်မြို့၌ ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့သည်။ လန်ချန်း-မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ၆ နိုင်ငံမှ အနုပညာရှင်များသည် ထိုနေ့ညက အနှစ်သာရရှိသော ညပဒေသာကပွဲတစ်ပွဲကို တင်ဆက်ပြသခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။
|