• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

GX Airlinesသည် နန်နင်းမှ စင်ကာပူသို့ တိုက်ရိုက်လေကြောင်းလိုင်းဖွင့်လှစ်

(GMT+08:00) 2018-12-13 12:40:07

ယခုလ ၁၂ရက်နေ့က တရုတ်GX Airlinesသည် နန်နင်းမှ စင်ကာပူသို့ တိုက်ရိုက်လေကြောင်းလိုင်းဖွင့်လှစ် ခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

     နန်နင်းမှ စင်ကာပူသို့ တိုက်ရိုက်လေကြောင်းလိုင်းဖွင့်လှစ်ခြင်းသည် GX Airlinesက Belt&Roadအဆိုပြုချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာ ကုန်းကြောင်းနှင့် ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းသစ် ဆိုင်ရာအရေးပါသောလုပ်ဆောင်ချက် ဖြစ်ကြောင်း၊ ယင်းလေကြောင်းလိုင်းသည် ကွမ်ရှီး-စင်ကာပူအကြား စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးစသော နယ်ပယ်၏ ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးတွန်းအားပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံကွမ်ရှီးပြည်နယ်GX Airlinesကုမ္ပဏီလီမိတက်

ဥက္ကဋ္ဌ ဖောင်ဖာက ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

   Webradio