• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ၂၀၁၈ခုနှစ် Imperial Springs နိုင်ငံတကာဖိုရမ်သို့ တက်ရောက်သည့် နိုင်ငံခြား ဧည့်သည်များနှင့် တွေ့ဆုံ

(GMT+08:00) 2018-12-13 12:35:50

      တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၁၂ ရက်နေ့က ပီကင်းပြည်သူ့ ခန်းမဆောင်ကြီးတွင်၊ ၂၀၁၈ခုနှစ် Imperial Springs နိုင်ငံတကာဖိုရမ်သို့ တက်ရောက် သည့် နိုင်ငံခြားဧည့်သည်များနှင့် တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ရှီကျင့်ဖိန်က တရုတ်ပြည်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံး ခဲ့သည့် နှစ် ၄၀ ပြည့်အတွင်း ရရှိခဲ့သည့် အောင်ကျိုးရလဒ်များနှင့် ကျင့်သုံးတော့မည့် အဆင့်အတန်းမြင့်မားပြီး အရေးကြီးတံခါးဖွင့်လုပ်ဆောင်ချက်သစ်များကို မိတ်ဆက်ပြီး၊ တရုတ်-ကမ္ဘာ ဆက်ဆံမှုနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ ရှင်းလင်းပြောကြားသည့်အပြင်၊ နိုင်ငံခြားဧည့်သည်များ၏ မိန့်ခွန်းများကို နာကြားခဲ့သည်။

Imperial Springs နိုင်ငံတကာဖိုရမ်ကို ၂၀၁၄ခုနှစ်က တရုတ်ပြည်သူ့နိုင်ငံခြား ချစ်ကြည်ရေးအသင်းနှင့် သြစတြေးလျ တရုတ်ချစ်ကြည်ရေး ကူးလူး ဖလှယ်မှုအသင်းတို့မှ အတူတည်ထောင်ခဲ့ပြီး၊ နိုင်ငံခြားခေါင်းဆောင်ဟောင်းများ၊ နာမည်ကျော်ပညာရှင်များ၊ စက်မှုကုန်သွယ်ရေးလောကမှ ခေါင်းဆောင်များအပါအဝင် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များ ပါဝင်ကြသည်ဟု သတင်းအရသိရသည်။

   Webradio