• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၆ ကြိမ်မြောက် တရုတ်-အလယ်အာရှ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ ဝမ်ချိန်က တက်ရောက်မိန့်ခွန်းပြောကြား

(GMT+08:00) 2018-12-13 12:35:06

      ၆ ကြိမ်မြောက် တရုတ်--အလယ်အာရှ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ယခုလ ၁၂ ရက်နေ့က တရုတ်ပြည်ကျန်းစူးပြည်နယ် ယန်ကျိုးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဒု ဥက္ကဋ္ဌ ဝမ်ချိန်သည်၊ ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ယခုအကြိမ်ဖိုရမ်၏ ဆောင်ပုဒ်မှာ ပိုးလမ်းမကြီးယဉ်ကျေးမှုရောနှောပေါင်းစပ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးရှိစေရေးဟူ၍ဖြစ်ပြီး၊ အလယ်အာရှ ၅ နိုင်ငံမှ ခေါင်းဆောင်များ၊ သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ် ၂၀၀ ခန့်တို့ တက်ရောက်ခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio